Thursday, February 28, 2013

ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း

Shwe Eaim Si ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း ====================== Posted by ရွှေအိမ်စည် on July 12, 2011 at 15:11 in ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း အကြောင်း သိကောင်း စရာ http://www.facebook.com/groups/shwearlurelative/ NL-LA အနောက်ဘက် ဒေသက ထုတ်ဝေတဲ့ ‘ပြည်သူ့ လွတ်တော် ကိုယ်စားပြု ကော်မတီ၏ (၅၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပြည်ထောင်စု သဘော တရားများ’ (၂ဝဝ၂ ဖေဖော်ဝါရီလ ၁၂ ရက်) စာအုပ်မှ ပူးကျင့်ရှင်းထန် ရေးသားတဲ့ ‘ချင်း အမျိုးသားများ နိုင်ငံရေး လှုပ်ရှားမှု သမိုင်း’ ဆောင်းပါးမှ “ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း အကြောင်း သိကောင်းစရာ” ကို (၅၉) ကြိမ်မြောက် ချင်း အမျိုးသားနေ့ ဂုဏ်ပြု အစီအစဉ် အဖြစ် ကောက်နှုတ် ကူးယူ ပြန်လည် ဖော်ပြတာ ဖြစ်ပါတယ်။ ချင်း အမျိုးသားနေ့ ပေါ်ပေါက်လာခြင်း အကြောင်း သိကောင်းစရာ (၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေး ကြေညာပြီး အခြေခံ ဥပဒေလည်း ပြဌာန်း ခဲ့သဖြင့် ယင်း ဥပဒေအရ ယခင် ချင်း တောင်တန်း များဟု နာမည် ပေးထားသော ချင်းတို့ နယ်မြေ များသည် ချင်း ဝိသေသတိုင်း ဖြစ်လာသည်။ ထိုနည်း တူစွာ ချင်းရေးရာ ဝန်ကြီး ဌာနလည်း ပေါ်ပေါက် လာပါသည်။ သို့သော် ယခင် ချင်း အမျိုးသား များအား ကျေးက္ဆွန် သဖွယ် ဖိနှိပ် အုပ်ချုပ် ထားခဲ့သော ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေ (Chin Hills Regulation Act)၁ ကိုမူ မဖျက် သေးဘဲ ရှိနေသည်။ ထို့ကြောင့် ချင်းရေးရာ ဝန်ကြီး ဌာနတွင် ရှိသည့် ချင်းတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၁၄) ယောက်က ယင်း ဥပဒေကို ပယ်ဖျက် နိုင်ရန် အဓိက တာဝန် တရပ် အနေဖြင့် ဆောင်ရွက် ကြသည်။ ၎င်းအချိန်တွင် ချင်းရေးရာ ဝန်ကြီးမှာ မန်တုန်းနုန်း ဖြစ်သည်။ ကပ္ပတိန် မန်တုန်းနုန်းသည် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန် (PA) လည်း ဖြစ်သည်။ ၎င်းအပြင် မြန်မာ နိုင်ငံ ကောက်ပဲ သီးနှံ ရောင်းဝယ်ရေး (SAMB) ဥက္ကဌလည်း ဖြစ်သည်။ ချင်း ဝိသေသတိုင်း အခြေအနေ စုံစမ်း စစ်ဆေးရန် အတွက် ကော်မတီ တရပ် ဖွဲ့စည်းရန် (၁၉၄၈) ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ကပ္ပတိန် မန်တုန်းနုန်းက ချင်းရေးရာ ဥက္ကဌနှင့် ဆွေးနွေး တင်ပြရာ အားလုံးက သဘော တူကြသည်။ ကော်မတီိတွင် ရာထူး အရ ချင်းရေးရာ ဝန်ကြီး ပူးဝမ္မသူးမောင်း ပါဝင်ပြီး ဝန်ထမ်းများ အနက်မှ ချင်းဝိသေသတိုင်း၊ တိုင်းမင်းကြီး ဦးသိမ်းမောင်နှင့် ပညာရေး ဌာနမှ ဦးစိုးဝင်းတို့ ပါဝင်သည်။ အမှန်မှာ ဦးဝမ္မသူးမောင်းမှ ရာထူး အရသာ ပါဝင်ခြင်း ဖြစ်ပြီး ချင်း တောင်တန်း ပြည်သူ လူထု အပေါ် အဆိုပါ ချင်းတောင်တန်းများ စည်းမျဉ်း ဥပဒေ မည်ကဲ့သို့ ဖိနှိပ် ခဲ့သည် ဆိုသည်ကို သိရှိပြီး ဖြစ်သည်။ အမှန်တကယ် စုံစမ်း စစ်ဆေး သူမှာ ချင်းအမျိုးသား မဟုတ်သည့် ဦးသိမ်းမောင်နှင့် ဦးစိုးဝင်းတို့ ဖြစ်နေ ကြသည်။ ဤကဲ့သို့ ချင်းရေးရာ ကောင်စီ သဘောတူ ဆုံးဖြတ် ထားခြင်းကို နိုင်ငံတော် အစိုးရ ဝန်ကြီး အဖွဲ့သို့ တင်ပြရန် ဖြစ်သဖြင့် ကပ္ပတိန် မန်တုန်းနုန်းက ဝန်ကြီး အဖွဲ့သို့ မတင်ပြမီ နိုင်ငံတော် ဝန်ကြီးချုပ်ထံ အကြောင်းစုံ တင်ပြ ခဲ့သည်။ ၎င်းနောက် (၁၉၄၈) ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဝန်ကြီး အဖွဲ့၌ စုံစမ်းရေး ကော်မရှင် စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ချင်း လွှတ်တော် ကိုယ်စားလှယ် များက စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်ကို စောင့်မည် ဆိုလျင် ကြာမည်။ ၎င်း ကော်မရှင်၏ တွေ့ရှိ ချက်သည် ဥပဒေ ပြဌာန်းသည့် အခါ ထည့်သွင်း စဉ်းစား ထားမည်။ ချက်ချင်း လူထု အစည်းအဝေးကြီး ကျင်းပပြီး ချင်း ပြည်နယ် လူထု ဆန္ဒကို ယူထားမည်ဟု သဘော တူကြ သဖြင့် (၁၉၄၈) ခု ဖေဖော်ဝါရီလ (၁၈ - ၂၃) အတွင်း ချင်း ဝိသေသ တိုင်း၏ မြို့တော် ဖြစ်သော ဖလမ်း မြို့တွင် လူထု အစည်းအဝေး ကျင်းပရန် သဘော တူညီ ကြသည်။ ယင်း အစည်းအဝေး ကြီးသို့ တက်ရန် နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ် ဦးနု တို့ကို ဖိတ်ကြား ထားသော်လည်း သမ္မတကြီးသာ တက်ဖြစ် ခဲ့သည်။ လူထု (၅ဝဝဝ) ကျော် တက်ရောက် ခဲ့ပြီး စုံစမ်း စစ်ဆေးရေး ကော်မတီ ဝင်များလဲ စုံလင်စွာ တက်ရောက် ကြသည်။ အစည်းအဝေး ကြီးကို (၁၈- ၂ဝ) ထိသာ ပါဝင် တက်ရောက် ခဲ့ကြသည်။ ၁၉၄၈ ခု ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင် တီးတိန် နယ်မှ ဆူဗီဒါရ် ပူထန်ဇကိုင် (Sub.Pu Thang Za Khai) မှ နယ်ချဲ့ အင်္ဂလိပ် ခေတ် ပဒေသရာဇ် သဘော အရ ချင်းပြည်သူ လူထုအား ကျေးက္ဆွန် သဖွယ် ဖိနှိပ် အုပ်ချုပ်သော စနစ်၊ အခွန်တော် အမျိုးမျိုး၊ ဆက်ကြေး အမျိုးမျိုး တို့ကို ကောက်ယူခြင်း စနစ်၊ ပြည်သူ လူထု ထံမှ မတရား လုပ်အား မျိုးစုံ၊ တောင်းယူခြင်း မျိုးစုံ တို့ကို ဖျက်သိမ်းရန်၊ ပဒေသရာဇ် ဥပဒေ အရ ခန့်အပ် ထားသော တိုက်သူကြီး၊ ရွာသူကြီး ရာထူးများ ဖျက်သိမ်း ပစ်ရန်နှင့် ယင်းတို့ နေရာတွင် ပြည်သူ လူထု ရွေးချယ် တင်မြောက်သော ကျေးရွာ ကောင်စီ ဥက္ကဌ၊ တိုက်နယ် ကောင်စီ ဥက္ကဌ စသည်ဖြင့် ထားရှိရန် အဆို တင်သွင်း ခဲ့သည်။ အစည်းအဝေး သဘာပတိ အဖြစ် နိုင်ငံတော် သမ္မတကြီးက ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ကပ္ပတိန် မန်တုန်းနုန်းမှ ဆောင်ရွက်သည်။ အဆို များကို ထောက်ခံမဲ (၄၉၉၃) မဲ ရှိပြီး၊ ကန့်ကွက် မဲ (၇) မဲသာ ရသဖြင့် အဆိုကို သဘာပတိမှ အတည် ပြုကြောင်း ကြေညာသည်။ ထို့ကြောင့် (၂ဝ -၂ - ၄၈) နေ့သည် ချင်းပြည်သူ တရပ်လုံးက အသဲ နှလုံးကြားက ဆန္ဒ ဖော်ထုတ် သောနေ့ ဖြစ်ပြီး လူထု အရေး အောင်မြင်သော နေ့၊ ချင်း တမျိုးသား လုံး၏ ရာဇဝင် ပြောင်းလဲ စေသော နေ့ထူး နေ့မြတ် ဖြစ်သည်။ တနည်း ပြောရလျင် နယ်ချဲ့ များ၏ ပဒေသရာဇ် ဥပဒေ ဖြစ်သည့် ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေ ကျဆုံး သောနေ့ ဖြစ်သည်။ ချင်း တောင်တန်းတွင် ဒီမိုကရေစီ အောင်ပွဲ နေ့လဲ ဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ကို ချင်း အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။ နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်သည် စော်ဘွား တဦး ဖြစ်ခဲ့ သည်နှင့် ပဒေသရာဇ် ကျဆုံး၍ တိုက် သူကြီး၊ ရွာ သူကြီး များ၏ အာဏာ ကျဆုံးသော အခါ ကိုယ်ချင်းစာ မိသဖြင့် ၎င်း အစည်းအဝေး မှာပင် တိုက် သူကြီး၊ ရွာ သူကြီးဟောင်း များအား လျော်ကြေးများ သိန်းချီ၍ ပေးကြောင်း ထုတ်ပြန် ကြေညာသည်။ ယင်း လျော်ကြေး များကို စုံစမ်းရေး ကော်မတီ ပြီးဆုံးသော ၁၉၄၈ စက်တင်ဘာလ (၉) ရက် နောက်ပိုင်းတွင် အဆင့်လိုက် ခွဲတမ်းချ ဝေငှ ခဲ့သည်။ ထို့နောက် ချင်း တောင်တန်း ဥပဒေကို တရားဝင် ဖျက်သိမ်းကာ ၁၉၄၈ နှင့် ချင်း ဝိသေသတိုင်း ဥပဒေ [Chin Special Division Act (1948)]နှင့် ချင်း ဝိသေသ တိုင်း (ဥပဒေ များနှင့် သက်ဆိုင်ခြင်း) (Chin Special Division-Extention of Laws Act) တို့နှင့် အစားထိုး ပြဌာန်း ခဲ့သည်။ သို့သော် ထိုအချိန်တွင် ပြည်ထောင်စု မြန်မာ နိုင်ငံတွင် အလွန် စိတ် အနှောက်အယှက် ဖြစ်ဖွယ်ရာ အချက်ကြီး တခု ပေါ်ခဲ့သည်။ ချင်းရေးရာ ဝန်ကြီး ဌာန အပါအဝင် ပြည်ထောင်စု အစိုးရသည် ‘ရန်ကုန် အစိုးရ’ ဟု အခေါ် ခံနေ ရချိန် ဖြစ်သည်။ ရောင်စုံ သူပုန်များ တောခို၊ သူပုန် ထကြသည်။ ကပ္ပတိန် မန်တုန်းနုန်းသည် ဝန်ကြီးချုပ် ဦးနု၏ အတွင်းရေး အတွင်းဝန် ဖြစ်သည့် အပြင် မြန်မာ နိုင်ငံ ကောက်ပဲ သီးနှံ ရောင်းဝယ်ရေး ဘုတ် အဖွဲ့ (SAMB) ဥက္ကဌလည်း ဖြစ်ရာ အလွန် အလုပ် များသည်။ အစိုးရ လက်နက်ကိုင် မရှိ သလောက် ဖြစ်သည်။ ထိုအချိန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်သူ ဦးကျော်ငြိမ်းက အင်္ဂလန်သို့ သွားရောက်ကာ လက်နက် ရောင်းချရန် ပြောသော်လည်း အင်္ဂလိပ် သူလျှိုဟု ထင်ရသည့် ကင်းဘဲလ် (Campbell) အား မြန်မာ အစိုးရမှ ဖမ်းဆီး ထားသည့် အတွက် ဗြိတိသျှ အစိုးရက လက်နက် မရောင်းသည့် အပြင် ကြိမ်းမောင်း ခဲ့သည်။ တဖန် အမေရိကသို့ သွားရောက် ကမ်းလှမ်း ရာ၌လည်း မြန်မာ နိုင်ငံသည် အင်္ဂလိပ်နှင့် လင်္ကျာ - ဖရီးမင်း စာချုပ် ချုပ်ဆို ထားသည် ဖြစ်၍ လက်နက် ရောင်းရန် မဖြစ်ကြောင်း ပြောသည်။ ထိုအခါ နိုင်ငံတော် ဝန်ကြီးချုပ်မှ ကပ္ပတိန် မန်တုန်းနုန်းအား အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် ဂျဟလာလ် ပန်ဒစ် နေရူးထံ လက်နက် ရောင်းချ ပေးရန် စေလွှတ်၍ တောင်းဆို ခိုင်းသည်။ ကပ္ပတိန် မန်တုန်းနုန်းသည် ဥပဓိရုပ် ကောင်း၍ ခန့်ညားသူ ဖြစ်သည်။ အနောက်တိုင်း ဝတ်စုံဖြင့် သပ်ရပ်စွာ နေတတ်ပြီး ဟိန္ဒူ စတာနီ စကား က္ဆွမ်းကျင်သူ ဖြစ်သဖြင့် အိန္ဒိယ အစိုးရထံ အကူအညီ တောင်းရန် အသင့် တော်ဆုံး ဖြစ်သည်။ သို့ဖြင့် လက်နက်များ တပ်ရင်း (၉) ရင်းစာ ရရှိ လာခဲ့သည်။ သင်္ဘော ဝမ်းဗိုက် ခန်း၌ လျှို့ဝှက်စွာ သယ်ဆောင် လာပြီး နွား အကောင် နှစ်ဆယ်ပါ မြန်မာပြည်သို့ သယ်ဆောင် လာသည်။ ကျန်ငွေ ရှစ်ရာကျပ်ကို ဝန်ကြီးချုပ်ထံ ပြန်လည် အပ်နှံ ခဲ့သည်။ မသိသူ များမှာ နွားကျောင်းသား ဟုပင် ထင်မှတ် ခဲ့ကြသည်။ ဤသို့သော ရှုပ်ထွေးမှု များကြောင့် ချင်းရေးရာ ကိစ္စ များသို့ အာရုံ မစိုက် အားတော့ သဖြင့် ၁၉၅ဝ အောက်တိုဘာလ (၉)ရက်နေ့ ချင်းရေးရာ အစည်းအဝေး ကောင်စီ အစည်းအဝေး တွင်မှ ၁၉၄၈ ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့ကို ချင်း အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ထို အချိန်သည် ချင်း ရေးရာ ကိစ္စနှင့် ပတ်သက်၍ ကပ္ပတိန် မန်တုန်းနုန်းနှင့် ဦးဝမ္မသူးမောင်းတို့ ပြီးလျင် ပြီးသည့် ခေတ် ဖြစ်ပါသည်။ သို့သော် ၎င်းတို့က နိုင်ငံတော် ရုံးပိတ်ရက် (Gazetted Holiday) အဖြစ် ဆက်လက် ထားရှိ ရန်ကား သတိ မမူခဲ့ ကြပေ။ ၁၉၅၆ ခုနှစ် ပူးဇဟရဲလျန် အစိုးရ တက်လာသော အခါ ထို အမျိုးသား အောင်ပွဲနေ့ကို ဒီဇင်ဘာလ (၄) ရက်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်ရန် ချင်းရေးရာ ကောင်စီ အစိုးရမှ ဆုံးဖြတ် ခဲ့သည်။ သို့သော် အများ ပြည်သူ၏ ထောက်ခံမှု မရ ခဲ့ပေ။ တဖန် တော်လှန်ရေး ကောင်စီ ခေတ်တွင် မဆလ ပါတီမှ မင်းတပ် ပါတီ ယူနစ် စည်းရုံးရေးမှူး ဦးမြင့်သိန်း (ဗိုလ်မှူး-ငြိမ်း) က ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့ကို ချင်း အမျိုးသားနေ့ အစား ချင်း ဝိသေသ တိုင်းနေ့ အဖြစ်သို့ ပြောင်းလဲ ခေါ်ဆိုရန် ပြောခဲ့သည်။ ထိုအချက်ကို ချင်း ပြည်သူ လူထုက လက်မခံ နိုင်သဖြင့် ချင်း ဝိသေသ တိုင်းရှိ မြို့နယ် များမှ ချင်းရေးရာ ဦးစီး အဖွဲ့ရုံး၊ ဟားခါး မြို့သို့ မကျေနပ် ချက်များဖြင့် ကျိုးကြောင်း စုံလင်စွာ တင်ပြ ခဲ့ကြသည်။ ချင်းရေးရာ ဦးစီး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဟောင်း ဦးပွတ်ပါးမှ တော်လှန်ရေး ကောင်စီ ဥက္ကဌ ရုံးသို့ တက်ရောက်ပြီး အကျိုးကြောင်း တင်ပြသော အခါ ဥက္ကဌ ရုံးမှ စာနှင့် တင်ပြရန် ညွှန်ကြား ခဲ့သည်။ ချင်းရေးရာ ဦးစီး အဖွဲ့ရုံးက (၁၁-၇- ၆၆) ရက်စွဲပါ စာအမှတ် သက - ၂၉/ဝ၄/(၁) ဖြင့် တော်လှန်ရေး ကောင်စီ ဥက္ကဌ ရုံးသို့ တင်ပြ ခဲ့သည့် အတွက် ချင်း အမျိုးသား အောင်ပွဲ နေ့ကို ချင်း အမျိုးသားနေ့ အဖြစ် ဆက်လက် ထားရှိရန် တော်လှန်ရေး ကောင်စီရုံး ဥက္ကဌ ရုံးမှ (၂၅-၁၁-၆၆) ရက်စွဲပါ စာ အမှတ် (၃ဆ/၁၅-ဗ/၆၆) ဖြင့် အကြောင်း ပြန်ကြား ခဲ့သည်။ ချင်းရေးရာ ဦးစီး ရုံးကလဲ ချင်း ဝိသေသ တိုင်းရှိ ဌာန အားလုံး ထံသို့ ထို အချက်ကို ၁၉၆၇ ခုနှစ် ဇန်နဝါရီလ (၉) ရက်စွဲပါ စာအမှတ် ယက/ဝ၄(၂) ဖြင့် ပြန်လည် အကြောင်း ကြားခဲ့သည်။ နောက် တဖန် ချင်းပြည်နယ် ကောင်စီ ရုံးက ချင်းအမျိုးသား နေ့ကို ချင်း ပြည်နယ်နေ့ အဖြစ် ပြောင်းလဲ ခေါ်ဆိုရန် အမိန့် ထုတ်ပြန် သေးသည်။ သို့သော် အောင်မြင်မှု မရရှိ ခဲ့ပေ။ ၁၉၄၈ ခုနှစ်မှ စ၍ ယနေ့တိုင် ချင်း အမျိုးသား များသည် မိမိ ရောက်ရှိသည့် နေရာ တိုင်းတွင် ချင်း အမျိုးသား နေ့ကို ဖေဖော်ဝါရီလ (၂ဝ) ရက်နေ့တွင် ကျင်းပမြဲ ဖြစ်သည်။ အကြောင်းမှာ ချင်း အမျိုးသား နေ့သည် ချင်း အမျိုးသားထု တရပ်လုံးက အသွေးသား နှလုံးသားမှ ဆန္ဒမှန်ကို ဖော်ထုတ် နိုင်ခဲ့သော နေ့၊ ချင်း အမျိုးသားက နယ်ချဲ့ကို အောင်နိုင် သောနေ့၊ တနည်း ပြောလျင် ဒီမိုကရေစီ စနစ်က အာဏာရှင် စနစ် အပေါ် အောင်ပွဲ ခံသော နေ့ပင် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ လိုလား သူတိုင်းက ချင်း အမျိုးသား နေ့ကို မြတ်နိုး ကြသည်။ ရည်ညွန်းချက်။ ၁။ ၁၈၉၆ ခုနှစ်တွင် အင်္ဂလိပ် အစိုးရက ချင်း တောင်တန်း အုပ်ချုပ်ရန် ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေ (Chin Hill Regulation Act) ဗြိတိသျှ ပါလီမန်၌ ပြဋ္ဌာန်း ခဲ့သည်။ ယင်း ဥပဒေသည် လူရှေ တောင်တန်း (ယခု Mizoram, India)၊ နာဂ တောင်တန်း (Naga Hill)၊ ဆွမ်ရာ တောင်တန်း (Somra Hill Tract, ယခု စစ်ကိုင်း တွင်ပါဝင်)၊ ရခိုင် တောင်တန်း (ယခု ချင်းပြည်နယ် တွင်ပါဝင်) များတွင် အကျုံး ဝင်သည်။ ချင်း တောင်တန်းများ စည်းမျဉ်း ဥပဒေသည် အင်္ဂလိပ် အစိုးရက ၎င်းတို့ အုပ်ချုပ်ရေး လွယ်ကူရန် အတွက် ပဒေသရာဇ် စနစ် (Feudalism) အခြေခံ၍ ရေးဆွဲ ထားသော ဥပဒေ ဖြစ်သည့် အားလျော်စွာ ချင်း တောင်တန်းတွင် ယင်း ဥပဒေ အရ တီးတိန် နယ်တွင် ပူဟောက်ကျင့်ခုတ် (Pu Hau Cin Khup)၊ လုမ်ဘန်းရွာတွင် ပူလွှလ်မုန် (Pu Hlur Hmung)၊ ဖလမ်းတွင် ပူထန်တင့်လျန် (Pu Thang Tin Lain)၊ ဟားခါး နယ်တွင် ပူကီး အိုမန် (Pu Kio Mang)နှင့် တိုက်ချွန် ရွာတွင် ပွူ့ကန့်ဘိခ် အား အကြီးဆုံး အဖြစ် သဘော ထားကာ ၎င်း၏ရွာ တိုင်ချွန် အနီးတွင် ဖလမ်း မြို့ကို တည်ထောင် ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်း တောင်တန်း၏ မြို့တော် အဖြစ် ဖလမ်း မြို့ကို သတ်မှတ်ပြီး၊ ဖလမ်း မြို့တွင် မပြီး ပြတ်နိုင်သော အမှု ကိစ္စ များကို မကွေး မြို့သို့ အရေး ဆိုရန် သတ်မှတ် ခဲ့သည်။ စာကိုး.....ပါလီမန် ခေတ် , မှတ်တမ်းမှတ်ရာများ February 20 at 9:17pm Behmin DavidNangvan Behnamkim likes this.

Sunday, November 11, 2012

ကချင်လူမျိုး




ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။

ရှမ်းသမိုင်းကြောင်းများ




ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။

ရခိုင်ရိုးရာ ပန်းရထားဆွဲပွဲ


သမိုင်းအကျဉ်း

ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားရှင် ခမည်းတော်မှာ ကပိလ၀တ်ပြည်ရှင်
သုဒ္ဓေါဒနမင်း ဖြစ်ပြီး မယ်တော်မာယာမှာ ဒေ၀ဒဟတိုင်းပြည်သူဖြစ်သည်။
မယ်တော်မာယာမှာ ဗုဒ္ဓလောင်းလျာအား ပဋိသန္ဓေယူချိန်၌ မိမိဇာတိမြေ
ဒေ၀ဒဟပြည်သို့ ပဋိသန္ဓေအမှန်ရှိနေကြောင်းသက်သေပြရန်ပြန်လာစဉ် လမ်းခရီးဝက်
တိုင်းပြည်နှစ်ပြည်ကြား ``လုမ္ဗိနီတော´´ရှိ ဗုဒ္ဓလောင်းလျာ
သိဒ္ဓတ္ထမင်းသားအား ဖွားသန့်စင်တော်မူပြီး နောက်ခုနစ်ရက်နေ့တွင်
လွန်တော်မူသည်။ ထိုစဉ် ကပိလ၀တ်တိုင်းနှင့် ဒေ၀ဒဟတိုင်း
နှစ်ပြည်ထောင်သားအပေါင်းတို့မှာ မယ်တော် မာယာ အကြွင်းအကျန်
ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်တာဝန်ယူလိုသည့် တစ်ပြည်နှင့်တစ်ပြည်
အငြင်းပွားဖွယ်ဖြစ်လာပါသည်။

Tuesday, September 4, 2012

မဟာလူမျိုးကြီးဝါဒ၏ ရေသောက်မြစ်သုံးသွယ်


“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဟူသော စကားရှိပါသည်။ လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးကို ၀ါးမျိုသွားသည်ဟု ဆိုရာ၌ __ လူမျိုးတစ်မျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများသာမက ထိုလူမျိုး၏ အမျိုးသားလက္ခဏာများကိုပါ အခြားလူမျိုးတစ်မျိုးက ၀ါးမျိုလွှမ်းမိုးခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် မဟာလူမျိုးကြီးဝါဒီများက အခြားလူမျိုးများကို လွှမ်းမိုးဝါးမျိုရာ၌ အသုံးပြုလေ့ရှိသော အထက်မြတ်ဆုံးလက်နက်မှာ__ ယဉ်ကျေးမှု၏ အရင်းအမြစ်များဖြစ်ကြသည့်ဘာသာစကားနှင့် ဘာသာတရားတို့ကို ၀ါးမျိုလွှမ်းမိုး ဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

Tuesday, August 14, 2012

လေးမြို့ မြစ်ရေစီးသံနဲ့ ဒိုင်မျိုးနွယ်တွေရဲ့ဘ၀ငိုရှိုက်သံ

by အုပ်တစ်ချပ် သဲတစ်ပွင့် on Sunday, August 12, 2012 at 3:42pm

ဒိုင်ချင်းလူမျိုးနွယ်စုများသည် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ ပလက်ဝ၊ မင်းတပ်မြို့နယ် များတွင် အများအားဖြင့် နေ ထိုင်ကြပြီး လူဦးရေအားဖြင့် ၅၀၀၀၀ မှ ၇၀၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းကြသည်။ မိရိုးဖလာ ရွေ့ပြောင်းတောင်ယာ စ နစ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြု ကြသည်။
ပလက်ဝမြို့နယ်အတွင်း လေးမြို့ မြစ်ကို မှီခိုပြီး ဥယာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ယာ လုပ်ငန်း များဖြင့် ၀မ်းစာရှာကာ နေ ထိုင်စားသောက် ကြသည့် ဌာနေ ဒိုင် ချင်းမျိုး နွယ်စုတွေ ကို ယခု ဆောင်းပါးခေါင်းစဉ်က ညွှန်းချင်တာပါ။
အဆိုပါ ဒေသရှိ ဒိုင်မျိုးနွယ်စုပြည်သူတို့သည် ဥယာဉ်စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ ၀ါး ခုတ်ခြင်း၊ တောင်ယာ စိုက်ပျိုးခြင်းဖြင့် လေးမြို့ မြစ်ကို ဖက်တွယ်လျက် နေ့တဓူဝ ၀ါး ဖောင်များ၊ လျှော်လှေ များဖြင့် ရုန်းကန် လှုပ်ရှား နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားရေးရာတွေကို ဘယ်လို ကိုင်တွယ်တော့မလဲ။ အောင်ထူး (ရှေ့နေ)


by Aung Htoo on Friday, July 20, 2012 at 10:28am ·

ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အခြေအမြစ်မှနေ၍ ပြင်သည့်နည်းဖြင့် တိုင်းရင်းသားရေးရာများကို ကိုင်တွယ်တော့မည်လား။
စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်အတွင်းတွင် တိုင်းရင်းသားရေးရာများနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစု ကြည် က မကြာခင် ဆွေးနွေးပြောကြားလိမ့်မည် ဟူသောသတင်းထွက်ပေါ်လာခဲ့သည်။ ဤတွင် ဒေါ်အောင်ဆန်းစု ကြည် သည် တိုင်းရင်းသားရေးရာများကို မည်သည့်အခြေခံမှနေ၍ စတင်ကိုင်တွယ်တော့မည်နည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်တော့မည်လား ဟူ၍ လူထု အနေဖြင့် သိခြင်ကြတော့မည် ဖြစ်သည်။  ပြီးခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်သွားမည်ဟူ၍ လူထုအား မဲဆွယ်ကတိပြုခဲ့သော် လည်း ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းကဏ္ဍကို ပြင်ဆင်သွားမည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိတိ ကျကျ ထုတ်ပြန်ကြေငြာသည်ကို မတွေ့ရသေးပါ။

"Nationalism, Democracy and Human Rights"


- အံအားသင့်စရာကောင်းလှသည့် ရှေ့ နောက်မညီမှုမှာ မှတ်ပုံတင်အနီရရှိပြီးလည်းဖြစ်၊ ဤနိုင်ငံ၏ အရိပ်ကိုခိုလှုံခွင့်ရပြီးကာမှ ၎င်းတို့ မြန်မာမွတ်စလင်အချို့ သည် အဘယ့်ကြောင့် ၁၉၈၂ ဥပဒေသည် တရားမျှတမှုမရှိ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံခြင်းခံရသည်ဟု ယခုအချိန်မှ ထပြောကြသနည်း..။

ကမန်လူမျိုး အကြောင်း


ကမန်လူမျိုး
From Myanmar Online Encyclopedia
  
ကမန်လူမျိုးသည်လည်း ရခိုင်လူမျိုးစုဝင်ဖြစ်သည်။ ရခိုင်လူမျိုးစုကြီးထဲတွင် ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့်မျိုးနွယ်စုများ အကျုံးဝင်ကြောင်း အထင်အရှားတွေ့ရှိရပေသည်။ ““ ကမန် ”” တိုင်းရင်းသားမျိုးနွယ်စုသည် ရခိုင်ပြည်နယ်ကို အခြေပြုမှီတင်းနေထိုင်ကြသော မျိုးနွယ်စုများအနက် မျိုးနွယ်စုတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက တရားဝင် သတ်မှတ်ထားသော တိုင်း၇င်းသားမျိုးနွယ်စု (၁၃၅) စုတွင် တစ်စုအပါအ၀င်ဖြစ်ပါသည်။

Monday, August 13, 2012

ရိုဟင်ဂျာပြဿနာအပေါ် ဦးဦးမှော်ဆရာ သဘောထား


     ရိုဟင်ဂျာပြဿနာဖြစ်နေတဲ့ကာလတစ်လျောက်လုံး ကျနော် ဘယ်ဘက်ကမှ တစ်ခွန်းမှ ၀င်မပြောဖူးပါ။ 
     အကြောင်းရင်းကတော့ မှော်ဆရာဂရုထဲမှာ ရိုဟင်ဂျာအရေးတက်ကြွစွာ ရေးသားနေသူများရဲ့ စာများကို
     ဖတ်ကြည့်တော့ ကျနော်ဝင်ပြောစရာကောင်းလောက်အောင် စိတ်ဝင်စားစရာ တစ်ကွက်မှ မရှိလို့ပါ ။ 
     အသက်ငယ်ရွယ်ပြီး ဗဟုသုတနည်းပါးလို့လား ? သို့မဟုတ် နှစ်ပေါင်းများစွာ အတွေးအခေါ်ပိုင်းမှာ
     Brain Wash လုပ်ခံထားရတဲ့ အကျိုးဆက်ကြောင့်လား ? သို့မဟုတ် နဂိုထဲက ဘာသာရေးမုန်းတီးမှု
     ပြင်းပြင်းထန်ထန် ရှိနေသူများဖြစ်နေလို့လား ?? ကျနော်မသိပါ ။  သို့သော်လည်း တိုက်ကွက်တွေက     စထဲကလမ်းလွဲနေပါတယ် ။ ကျနော့်စကားကို ရှင်းအောင်ထပ်ပြောပါရစေ ..

     ရိုဟင်ဂျာများကို လက်မခံလိုတာ ဆန့်ကျင်တာဟာ ဘာသာရေးအရမဟုတ်ပါဘူး .. 

ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်



by
 Lwin Aung Soe 
on Sunday, August 12, 2012 at 11:09am ·

  
မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ဘင်္ဂလာဒက်ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ရှောင်လွှဲမရ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိပါတယ်။

ဆလုံလူမျိုးတွေအကြောင်း လေ့လာကြရအောင်နော်...


ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့် မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။
ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စား ကြသည်။

နိုးထလာသော အမျိုးသားရေး


လင်းထက်ဆွေ

ရခိုင် ရိုဟင်ဂျာ ဘင်္ဂလီ ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာပြည် တစ်လွှား မှာ မျိုးချစ်စိတ်တွေ နိုးကြားလာကြတယ်။ အချို့ က လဲ ကန်းကန်း ရိုင်းရိုင်း။ အချို့ ကလဲ ချင့်ချင့် ချိန်ချိန်။ အမျိုးသားရေးဝါဒ ရဲ့ အလံတွေ လဲ လွှင့်ထူလာကြတာ တွေ ရတယ်။ ၈၈၈၈ အုပ်စု က တောင် အမျိုး ဘာသာ သာသနာ ဆို တဲ့ အကွက် ကို နင်း လာရင်းနဲ့ နိုင်ငံရေး အခြေခံ ကို တည်ဆောက်လာတာ ကို တွေ့ ရပါတယ်။ 

ရိုဟင်ဂျာပြဿနာအပေါ် ဦးဦးမှော်ဆရာ သဘောထား


     ရိုဟင်ဂျာပြဿနာဖြစ်နေတဲ့ကာလတစ်ေ
လျာက်လုံး ကျနော် ဘယ်ဘက်ကမှ တစ်ခွန်းမှ ၀င်မပြောဖူးပါ။ 
     အကြောင်းရင်းကတော့ မှော်ဆရာဂရုထဲမှာ ရိုဟင်ဂျာအရေးတက်ကြွစွာ ရေးသားနေသူများရဲ့ စာများကို
     ဖတ်ကြည့်တော့ ကျနော်ဝင်ပြောစရာကောင်းလောက်အော
င် စိတ်ဝင်စားစရာ တစ်ကွက်မှ မရှိလို့ပါ ။ 
     အသက်ငယ်ရွယ်ပြီး ဗဟုသုတနည်းပါးလို့လား ? သို့မဟုတ် နှစ်ပေါင်းများစွာ အတွေးအခေါ်ပိုင်းမှာ
     Brain Wash လုပ်ခံထားရတဲ့ အကျိုးဆက်ကြောင့်လား ? သို့မဟုတ် နဂိုထဲက ဘာသာရေးမုန်းတီးမှု
     ပြင်းပြင်းထန်ထန် ရှိနေသူများဖြစ်နေလို့လား ?? ကျနော်မသိပါ ။  သို့သော်လည်း တိုက်ကွက်တွေက     စထဲကလမ်းလွဲနေပါတယ် ။ ကျနော့်စကားကို ရှင်းအောင်ထပ်ပြောပါရစေ ..

     ရိုဟင်ဂျာများကို လက်မခံလိုတာ ဆန့်ကျင်တာဟာ ဘာသာရေးအရမဟုတ်ပါဘူး .. 

သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက် (၁၀၀)

Unknown Facts 100 of Myanmar @Mmcybermedia

စကားလုံးများကပြောသော စကားများ


Ko Soe Win
စကားလုံးများဟာ လူတွေရဲ့ အတွေးတွေ နဲ့ စိတ်ဓာတ်တွေကိုလွှမ်းမိုးနိုင်ပါတယ်။ အခုဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းများမှာ သုံးလိုက်တဲ့ စကားလုံးတိုင်းမှာ အစွမ်းတွေရှိပါတယ်။ အခုလို သွေးဆူနေတုန်းဆို လူကိုသေတောင် သေလောက်စေ နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ဟာ နားထောင်သူများကို ကိုယ်မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် တမင်တကာဘဲ ဖြစ်ဖြစ် အဓိကရုဏ်းကြီးထွား လာစေရေး ကိုသာ ရောက်စေလို့ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။
အခု အဓိကရုဏ်းမှာအသုံးများနေတဲ့  စကားလုံးများရဲ့ အဓိပ္ပာယ်ထဲမှာ လူမျိုး၊ဘာသာနဲ့ ဓလေ့မတူသူများကို ခွဲခြားနှိမ်ချဆက်ဆံလိုတဲ့ ဆိုလိုချက်တွေ တသီတတန်းကြီးပါနေလို့ ပါပဲ။ ကိုယ်က တစ်လုံးသုံးလိုက်တိုင်း ခွဲခြားပါ နှိမ်ချပါလို့ နားထောင်သူကို ပြောနေတာနဲ အတူတူဖြစ်တတ်ပါတယ်။ နောက်ဆုံး မျိုးတုန်းအောင်သတ် ပစ်ပါလို့ တွန်းနေတာနဲ့ အတူတူဖြစ်နေတတ်ပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသား (ရှမ်း)


by Thant Ko Ko Maung on Friday, November 11, 2011 at 11:23am


ရှမ်းပြည်နယ်တွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများမှာ များပြား လှပေသည်။ ထိုတိုင်းရင်းသား
လူမျိုးများကို ခွဲခြား သတ်မှတ် လေ့လာရန်အတွက် မူတစ်ခုခုကို စံထား ရပေမည်။ အလေ့အထ
စရိုက်များသည် လည်းကောင်း၊ ကိုးကွယ် ယုံကြည်မှုများသည် လည်းကောင်း လူမှုရေးနှင့် စီးပွားရေး
တို့သည် လည်းကောင်း၊ တစ်ခုနှင့်တစ်ခု ကွဲပြားမှုနည်း၍ တူညီမှု များသောကြောင့် မူအဖြစ် သတ်မှတ်ထားရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ပြောသောစကားကို မူပြုလျှက် စကားအုပ်စုများ ခွဲရသော် လွယ်ကူမည်ဟုထင်ရသော်လည်း လက်တွေ့အားဖြင့် ဘာသာစကား တူညီမှုများလည်း ရှိကြောင်း တွေ့ ရပြန်သည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား (ချင်း)


by Thant Ko Ko Maung on Thursday, November 3, 2011 at 5:07pm
 
A Landmark of Chin State “Natural Heart-shape Rih Lake “

ချင်းလူမျိုး တို့သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် ခဲ့ကြသော လူမျိုးအုပ်စု သုံးစုအနက် တိဗက် မြန်မာ
အုပ်စုဝင် ဖြစ်သည်။ တိဗက် မြန်မာ အုပ်စုသည် -

(၁) ချင်းကချင် အုပ်စု၊
(၂) မြန်မာနှင့် ရှေးမြန်မာ အနွယ်အုပ်စု၊
(၃) လိုလိုမုဆိုး အုပ်စု

ကူညီခွင့်မသာသေးသည့် ကယားမြေ


by Yangon PressInternational on Sunday, November 20, 2011 at 7:55pm
မော်ကယားမြာရေးသားသည်။

နိုဝင်ဘာ၂၀၊၂၀၁၁၊ ဒီမောဆို (YPI) 


လူသူအသွားအလာနည်းပြီးတောရိုင်းတိရိစ္ဆာန်တွေရဲ့ အော်သံကိုတောင် ကြားနေရတဲ့ တောထဲတောင်ထဲမှာ ဆယ်နှစ်ဝန်းကျင် အရွယ်ကလေးငယ်တွေက ပလိုင်းကိုယ်စီ ခေါင်းပေါ်ရွက်ပြီး တောလမ်းအတိုင်း မမောနိုင်မပန်းနိုင် သွားနေကြတယ်။
Related Posts Plugin for WordPress, Blogger...